လ - ဩဂုတ် 2014

လှုပ်ရှားရုန်းကန်နေသူအတွက် စကားတစ်ခွန်း

`သင်ဝါးနိုင်သည်ထက်ပိုပြီး ပါးစပ်ထဲ မထည့်ပါနှင့်´ ဟုဆိုသော ရှေးဆိုရိုးတစ်ခုရှိသည်။ မိမိ ကိုင်တွယ်နိုင်သည်ထက်ပိုပြီး တာဝန်မယူခြင်း က ပညာရှိပေသည်။ သို့သော် တစ်ခါ တစ်ရံ၌ မိမိ ဆောင်ရွက်မည်ဟု သဘောတူ လက်ခံလိုက်သည့် အလုပ်က တာဝန်ကြီးပြီး၊ ခက်ခဲကြောင်း ခံစားရ ချက်များ လွှမ်းမိုးနေတတ်သည်။
ခရစ်တော်နှင့်အတူ လျှောက်လှမ်း သော ယုံကြည်ခြင်း လမ်းခရီး၌ပင် ဘုရားသခင်ထံ ဆက်ကပ်ထားမှုက ထမ်းရွက်ရန်ကြီးမားလွန်းသည့် ဝန်ဟုထင်မြင်မိသည့် အဖြစ်မျိုးကြုံဆုံနိုင်ပါသည်။ သို့သော် ကျွန်ုပ်တို့၏ရဲရင့်စိတ်၊ စိတ်ချမှုတို့ယိမ်းယိုင် သွားချိန်တွင် ဘုရားသခင်က ကျွန်ုပ်တို့ အတွက် အားပေးစကားဆိုပါသည်။
ဟေဗြဲသြဝါဒစာရေးသူက ယုံကြည်သူများအား သူတို့၏ ယုံကြည်စကာလ အချိန်က ပြခဲ့သော ရဲရင့်ခြင်းသတ္တိကို ပြန်လည်သတိရ အောက်မေ့ရန် တိုက်တွန်းသည်။ (၁၀း၃၂-၃၃)။ အများ၏ပြစ်တင်ကဲ့ရဲ့မှု၊ ညှဉ်းပန်းနှိပ်စက်မှုများကိုမမှုဘဲ အကျဉ်းကျ သော ယုံကြည်သူများကို သူတို့ကူညီခဲ့သည်။ သူတို့အပိုင်ပစ္စည်းများ သိမ်းပိုက်လုယူ…

ကျွန်ုပ်တို့၏ အုတ်မြစ်

ဂျာမဏီနိုင်ငံ နော်လင်ဂျန်  မြို့တော် သည် တစ်မူထူးခြားသည်။ ၎င်းသည် `ရိုင်း ကရေတာ´ ခေါ် ရှေးပဝေသဏီကပင် ကြီးမားသော ဥက္ကာခဲ၏ဖိအားကြောင့် ဖြစ်ပေါ်လာ သော ကြီးမားသော ချိုင့်ခွက်ဝိုင်းကြီးပေါ် တည်ရှိ သည်။ ထိုချိုင့်ခွက်တွင်  အလွန်ကြီးမားသောဖိအား ကြောင့် ထူးခြားသော ကျောက်သလင်းနှင့် သေးနုပ်သော စိန်ပွင့်သန်းပေါင်းများစွာ ပေါ်ထွက်ခဲ့ သည်။ ၁၃ ရာစုနှစ်က ဤအစက်အပြောက် ပါသောကျောက်များဖြင့် စိန့်ဂျော့ဂျက် ဘုရားဝတ်ပြု ကျောင်းကို ဆောက်လုပ်ခဲ့သည်။ လာရောက် လည်ပတ်သူများသည် လှပသောကျောက်သလင်း များနှင့်စိန်ပွင့်များကို ဘုရားကျောင်း၏အုတ်မြစ်နှင့် နံရံများတွင် တွေ့နိုင်သည်။ အချို့က ၎င်းကို ကောင်းကင်ဘုံ၏ အုတ်မြစ်ဟု ပင်ဆိုကြပေမည်။
သမ္မာကျမ်းစာ၌ အခြားသောကောင်းကင်ဘုံအုတ်မြစ်အကြောင်းကို ဖော်ပြ ထားသည်။ သခင်ယေရှုသည် ကောင်းကင်မှကမ္ဘာလောကသို့ ကြွဆင်းတော်မူ၏ (ယော ၃း၁၃)။ ကိုယ်တော်အသေခံပြီးရှင်ပြန်ထမြောက်ပြီးနောက် ကောင်းကင်ပေါ်သို့ ပြန်ကြွတော်မူသောအခါ…

သခင့်နောက်လိုက်ခြင်း

ကျွန်မအိမ်အနီးဝန်းကျင်၌ ခွေးပြပွဲ တစ်ခုကျင်းပရာ ခွေးလေးထရီဗာ၏ တင်ဆက်မှုကို ကြည့်ခဲ့ရသည်။ သူ့သခင်အမိန့်ပေးလျှင် ကိုက် အတော် ဝေးဝေးပြေးပြီး ချက်ချင်းပြန်လာသည်။ စည်းရိုးများကို ခုန်ကျော်သည်။ အနံ့ခံ၍ အရာဝတ္ထု များကို ခွဲခြားပြသည်။ လေ့ကျင့်ခန်းတစ်ခုစီ ပြီးဆုံး သွားသောအခါ သခင့်ခြေရင်းတွင်ထိုင်ကာ ဘာ ထပ်ခိုင်း ဦးမလဲဟု စောင့်ဆိုင်းနေသည်။
သခင်၏ညွှန်ကြားချက်ကို `ထရီဗာ´ အလေးထား ဂရုစိုက်သကဲ့သို့ ဣသရေလလူတို့ တော၌ လှည့်လည်ရစဉ် ထိုကဲ့သို့ အလေးထား နာခံမှုမျိုးကို ဘုရားသခင် လိုလားခဲ့ကြောင်း ကျွန်မ သတိရမိသည်။ ကိုယ်တော်က သူမတူအောင် ၎င်းတို့ကို ဦးဆောင်ခဲ့သည်။ သူရှိခြင်းကို မိုးတိမ် အားဖြင့် ထင်ရှားစေသည်။ မိုးတိမ်အပေါ်သို့ ကြွလျှင် အခြားတစ်နေရာသို့ သွားရန်ဖြစ်ပြီး၊ မိုးတိမ်သက်ဆင်းတည်နေလျှင် ရောက်သည့်နေရာ၌ အခြေချရပ်တန့်ရန်ဖြစ်သည်။ `ထာဝရဘုရား မိန့်တော်မူသည့်အတိုင်း တဲ၌နေကြ၏။ ထာဝရဘုရားအမိန့်တော် အတိုင်းလည်း ခရီးသွား…

ကြိုတင်၍ ယုံကြည်ခြင်း

ဒုတိယကမ္ဘာစစ်အတွင်းက ဂျာမန် အကျဉ်းစခန်း၌ အမေရိကန် အကျဉ်းသား အချို့က အစောင့်တပ်သားများ မသိအောင် အိမ်လုပ် ရေဒီယို အကြမ်းထည်တစ်လုံးကို လျှို့ဝှက်စွာ တပ်ဆင်ခဲ့ကြသည်။ တစ်နေ့တွင် ဂျာမန် အဆင့်မြင့်တပ်မကြီး လက်နက်ချ၍ စစ်ပွဲ အဆုံးသတ်သွားပြီ ဟူသောသတင်းကိုသူတို့ ကြားသိလိုက်ရသည်။ ဆက်သွယ်မှု ပြတ်တောက် နေ၍ ဂျာမန်အစောင့်များက ထိုသတင်းကို မသိကြသေးပါ။ ထိုသတင်းက အကျဉ်းသား များကြားပျံ့သွားစဉ် အားလုံးက အော်ဟစ်ပျော် သွားကြသည်။ သုံးရက်တာမျှ သူတို့သည် သီချင်းဆိုလျက်၊ အစောင့်များကို ဝှေ့ယမ်း နှုတ်ဆက်လျက်၊ ထမင်းပွဲ၌ရယ်မောလျက် ပျော်ရွှင်ခဲ့ကြသည်။ လေးရက်မြောက်နေ့၌ သူတို့နိုးလာချိန်တွင် ဂျာမန်များကို မတွေ့ရတော့ဘဲ အားလုံးထွက်ပြေးသွားကြောင်း သိလိုက်ရသည်။ ၎င်းတို့ စောင့်ဆိုင်းရမှု အဆုံးသတ်လေပြီ။
သမ္မာကျမ်းစာမှ ပုံဥပမာများစွာတွင် အဓိကအားဖြင့် စောင့်ဆိုင်းခြင်း အကြောင်းကို အခြေခံသည်။ အာဗြံဟံသည် သားရရန်အတွက် စောင့်ဆိုင်းခဲ့ရသည်။ (က…

တစ်စုံတစ်ယောက် သီချင်းဆိုနေလား

ကမ္ဘာမြေပြင်အထက် မိုင်(၂၀၀) အကွာရှိ အပြည်ပြည်ဆိုင်ရာ အာကာသစခန်းမှ  အာကာသစခန်း စီမံကွပ်ကဲသူ ကနေဒါ လူမျိုး  အာကာသယာဉ်မှူး ခရစ်ဟတ်ဖီးသည် မြေပြင်ရှိ စတူဒီယိုခန်းတွင် ကျောင်းသူကျောင်းသားတစ်စု တို့နှင့်အတူ သီချင်းဆိုခဲ့သည်။ ဟတ်ဖီးနှင့် အက်ဒ် ရောဘတ်ဆန် တို့ပူးတွဲ ရေးသားသည့် `Is Somebody Singing´ သီချင်းကို အတူဆိုကြခြင်းပါ။
`ဤအထက်မိုးမြင့်မှပင် နယ်စည်းများ မခြားနိုင်´ ဟူသည့် သီချင်းစာသားကို ကျွန်မသတိပြု မိသည်။ နိုင်ငံလိုက်၊ လူမျိုးလိုက်၊ အတွေးအခေါ် လိုက်၍ တစ်ဦးနှင့်တစ်ဦးကြား ခွဲခြားကာ စည်း ဘောင်ခတ်ကြလည်း ဘုရားသခင်က  ထိုကွဲပြားမှု ကို မကြည့်မမြင်ကြောင်း ထိုသီချင်းက သတိပေး သည်။ ဘုရားသခင်အတွက် အရေးကြီးသော အချက်မှာ ကိုယ်တော်ကိုချစ်ရန်နှင့် အချင်းချင်း မေတ္တာထားရန်သာဖြစ်သည် (မာ ၁၂း၃၀-၃၁)။
ကိုယ်တော်သည် ချစ်သောအဘကဲ့သို့ မိသားစု…

လမ်းလျှောက်နေသော ဆိုင်းဘုတ်

ဗီယက်နမ်စစ်ပွဲအားဖြင့် ပိ ပီတာဆန် သည် ဗီယက်နမ်နိုင်ငံနှင့် ပထမဆုံးသိကျွမ်းခဲ့ သည်။ ၁၉၆၆ ခုနှစ် ဗုံးကြဲတိုက်ခိုက်ခဲ့စဉ် သူ့ လေယာဉ်ပစ်ချခံရပြီး သူအဖမ်းခံခဲ့ရသည်။ နှစ်ပေါင်း (၃၀)ကြာပြီးနောက် အမေရိကန် သံအမတ် အဖြစ် ဗီယက်နမ်သို့   သူပြန်ရောက်လာသည်။ ဆောင်းပါးတစ်ပုဒ်တွင် သူ့ကို `စေ့စပ်ညှိနှိုင်းမှု အတွက်  လမ်းလျှောက်နေသောဆိုင်းဘုတ်´ဟု တင်စားခေါ်ဆိုသည်။ စစ်အကျဉ်းသားဘဝမှ နာကြည်းမှုကြောင့်  အမျက်ဒေါသဖြင့် ဘဝကို မရှင်သန်ရန် ဘုရားသခင် သူ့ကိုကယ်ပြီး အသက်ရှင်ခွင့်ပေးခြင်းဖြစ်ကြောင်း သူယုံသည်။ ထို့ကြောင့် ကျန်ရှိသောအသက်တာနှင့် ရရှိသောလုပ်ပိုင်ခွင့်ရာထူးကို အသုံးခံလျက် ဗီယက်နမ်ရှိ ကလေးများ၏ဘဝများ ပို၍ လုံခြုံမှုရှိစေရေးအတွက် သူဆောင်ရွက်ခဲ့သည်။
အခြားနိုင်ငံတွင် မိမိနိုင်ငံကို ကိုယ်စားပြုသူအဖြစ် ရွေးချယ်ခန့်အပ်ခံရခြင်းသည် ကြီးမားသော တာဝန်ဖြစ်ပြီး ဂုဏ်ယူစရာကောင်းသည်။ ခရစ်တော်နောက်လိုက် ကျွန်ုပ်တို့ သည်လည်း `ခရစ်တော်၏ သံတမန်များ´ ဖြစ်သည် (၂ကော ၅း၂၀)။ ဘုရားသခင်နှင့် ကျွန်ုပ်တို့ကို…

မျှော်လင့်ချက်ရှိလား

ကျွန်မဖခင်၏ အုတ်ဂူအနီးတွင် တိတ်ဆိတ်စွာထိုင်ရင်း မိခင်၏ဈာပန အခမ်းအနား အစပြုရန် မိသားစုများ စောင့်ဆိုင်းနေကြသည်။ နာရေး စီစဉ်သူမှ မိခင်၏ပြာအိုးကို သယ်ဆောင်လာ သည်။ ကျွန်မနှလုံးသားနာကျင်လျက် အသိစိတ်တို့ ဝေဝါးထိုင်းမှိုင်းနေသည်။ မိခင်နှင့်ဖခင်နှစ်ဦးစလုံး ကို ၃လအတွင်း ဆုံးရှုံးလိုက်ရ၍ ထိုဝမ်းနည်းမှုကို မည်သို့ကိုင်တွယ်နိုင်ပါမည်နည်း။ သူတို့မရှိတော့ ခြင်းကြောင့် ဆုံးရှုံးမှုနှင့် အထီးကျန်လျက် မျှော်လင့် ချက်မဲ့သကဲ့သို့ ခံစားရသည်။ အနာဂတ်ကို မည်သို့ရင်ဆိုင်ရမည်နည်း။
ထို့နောက် သင်းအုပ်ဆရာက အခြား သင်္ချိုင်းဂူတစ်ခုအကြောင်းကို ဖတ်ကြားဆင်ခြင် သည်။ ရက်သတ္တပတ်၏ပထမဆုံးနေ့ မနက်စောစောတွင် အမျိုးသမီးတို့သည် ခန္ဓာတော်ကို လိမ်းကျံရန် နံ့သာဆီကို ယူဆောင်လျက် သခင်ယေရှု၏ဂူသင်္ချိုင်းသို့ သွားလေ၏ (မ ၂၈း၁၊ လု ၂၄း၁) ။ သို့သော် ပွင့်နေသည့် ဘာမှမရှိသည့် သင်္ချိုင်းတွင်းကို တွေ့ရသဖြင့် အံ့ဩကြသည်။ ကောင်းကင်တမန်က`မကြောက်နှင့်´ဟုဆိုသည် (မ ၂၈း၅)။…

အဆိပ်ဆူး၏ ပုံဆောင်ချက်

လွန်ခဲ့သော နှစ်(၅၀)ခန့်က ကျွန်တော့် ကို ပျားအုပ်လိုက်တုပ်သဖြင့် သူငယ်ချင်း`ဂျေး အယ်လီယော့´ ၏ အိမ်ရှေ့ တံခါးမှ ဖြတ်ပြေးဝင်ခဲ့သည်။ ထိုစဉ်က ဂျေး၏ အထိတ်တလန့်မျက်နှာကို ယနေ့တိုင် မြင်ယောင် ဆဲပါ။ သူ့အိမ်နောက်တံခါးမှ ထွက်ပြေးခဲ့၍ပျားများ လိုက်မလာတော့ပါ။ သို့သော် ဂျေး၏ အိမ်ထဲ၌ ပျားများကိုချန်ထားသကဲ့သို့ ဖြစ်သွားပြီး ခဏ အကြာတွင် ဂျေးလည်း အနောက်တံခါးမှပြေး ထွက်လာသည်။ ကျွန်တော်ခေါ်လာသည့်ပျားများ က သူ့ကိုလိုက်တုပ်လေပြီ။
ကျွန်တော်က ဆယ်ချက်ကျော်မျှ ပျားတုပ်ခံရပြီး ဘာမှမဖြစ်၊ အဆိပ်အနည်းငယ်သာ တက်သည်။ ဂျေးမှာမူ တစ်ချက်နှစ်ချက်မျှသာ အတုပ်ခံရသော်လည်း ဓာတ်မတည့်မှုကြောင့်  မျက်လုံးနှင့်လည်ချောင်းတို့ ရောင်ရမ်းလာသည်။ ကျွန်တော့်ကြောင့် သူငယ်ချင်းမှာ ပြင်းထန်သော နာကျင်မှုဝေဒနာ ခံစားခဲ့ရသည်။
၎င်းသည် ကျွန်ုပ်တို့ အချင်းချင်း ပေါင်းသင်းဆက်ဆံရေး၏ ပြယုဂ်ဖြစ်သည်။ မိမိ၏အပြုအမူသည် သခင်ခရစ်တော်ကဲ့သို့ မဟုတ်သောအခါ တစ်ပါးသူကို နာကျင်…

အသက်ဆက်မိုးရေ

၁၈၉၁ ခုနှစ်၏ ပူပြင်းသော ဩဂုတ်လတွင် အာ ဂျီ ဒိုရမ်ဖို့်ဒ် သည် တက္ကဆက်ပြည်နယ် မဒ်လဲန်ဒေသသို့ရောက်ရှိ ခဲ့ပြီး ကောင်းကင်မှ မိုးသည်းထန်စွာရွာစေမည် ဟုအဓိဋ္ဌာန်ပြုခဲ့သည်။ သူသည် `အလန့်တကြား ဖြစ်စေသူ´ ဟုနာမည်ကြီးခဲ့ပြီး၊ သူနှင့်သူ၏ အဖွဲ့သားများက ပေါက်ကွဲစေသည့် ဓာတ်ငွေ့များ ထည့်ထားသည့် ဘောလုံးကြီးများ၊ မီးကျည် အမြောက်မြား၊ ဒိုင်းနမိုက်အပုံလိုက်ကို မြေပြင်၌ ဖောက်ခွဲခဲ့ရာ၊  မြေပြင်နှင့်ကောင်းကင်ကြီး သိမ့်သိမ့် တုန်သွားသည်။ သူ့လုပ်ရပ်ကြောင့် မိုးအနည်းငယ် ရွာခဲ့သည်ဟု အချို့က ထင်ကြသည်။ သို့သော် လူအများစုက  ဆူညံမှုကိုသာဖြစ်စေခဲ့သည်ဟု ဆိုကြသည်။ ပေါက်ကွဲမှုက အံ့မခန်း ဖြစ်သော်လည်း အကျိုးသက်ရောက်မှု တစ်စုံတစ်ရာမရှိခဲ့ပါ။
ရှေးကနဦး အသင်းတော်၌ သင်းထောက်များကို လိုအပ်ခဲ့ရာ  စွမ်းရည်ရှိသူ များကို ရှာဖွေခဲ့ရသည်။ ထို့နောက် အစားအသောက်များကို စီမံခွဲဝေပေးရန် `ဝိညာဉ်တော် နှင့်၎င်း၊ ပညာနှင့်၎င်း ပြည်စုံလျက်…